Friday, February 28, 2014
0 comments

Learning English _ တစ်မိနစ်အင်္ဂလိပ် (if the shoe fits, wear it)


if the shoe fits, wear it.
ဖိနပ်ကတော်နေရင်တော့ ၀တ်လိုက်ပေါ့။ဒီစကားစုကတော့ မြန်မာလိုဆီလျော်အောင်ပြောရင်  "မှန်နေရင်အရူးစကားလည်း လက်ခံလိုက်ပါ " ဆိုတာနဲ့ သဘောချင်းတူမယ်ထင်ပါတယ်။
British English မှာတော့ If the cap fits, wear it. လို့ သုံးတယ်လို့ သိရပါတယ်။
ဒီဗီဒီယိုစကားပြောထဲမှာ  "သူကငါ့ကိုများပြောလိုက်တာ။ဝတ်ထားတဲ့အင်္ကျီကလည်းမတော်မတဲ့။ညစ်ပတ်လို့ ။အမှိုက်ပုံထဲမှာများနေ သလား လို့ ပြောလိုက်တယ်ဟာ" လို့ ဆိုတော့ သူငယ်ချင်းဖြစ်သူက "သူပြောတဲ့အတိုင်း ဖြစ်နေတော့လည်းငြိမ်နေလိုက်ပေါ့ " လို့ ပြန်ပြောပါတယ်။

အောက်မှာ နောက်ထပ်ဥပမာတစ်ခုပါ။
  • Actually my post wasn't about you, but hey if the shoe fits, wear it. တကယ်တော့ငါ့တင်ထားတာနင့်အကြောင်းမဟုတ်ပါဘူး။ဒါပေမယ့်တိုက်ဆိုင်နေရင်တော့လည်း မတတ်နိုင်ဘူး။
  • Jack: Just because I've missed two or three sessions, my fitness trainer says I lack motivation.
        Jill: Well, if the shoe fits, wear it.

 စာရေးဆရာကြီးဒယ်နီယယ်ဒီဖိုးက ဒီစကားကိုစအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားသူများအောက်ကလင့်မှာဆက်လေ့လာကြပါ။
http://www.phrases.org.uk/meanings/if-the-shoe-fits.html


0 comments:

Post a Comment

 
Toggle Footer
Top