Friday, February 28, 2014
0 comments

Learning English _ တစ်မိနစ်အင်္ဂလိပ်စာ (an arm and a leg)

An arm and a leg
ဆိုတဲ့စကားစုကို ဈေးအရမ်းကြီးတယ်လို့ ပြောချင်ရင်တင်စားပြောလေ့ရှိပါတယ်။
ဗီဒီယိုထဲမှာ ကွန်ပြူတာဝယ်တာဘယ်လောက်ပေးရသလဲဆိုတော့  It costs an arm and a leg လို့ ပြန်ပြောပါတယ်။လက်၊ခြေတွေကိုဒေါ်လာသန်းချီပေးလည်းရောင်းဖို့ တော့စိတ်ကူး
ကြမယ်မထင်ပါဘူး။ လက်တစ်ချောင်း၊ခြေတစ်ချောင်းလောက်တန်ဖိုးရှိတယ်ဆိုတော့ ဈေးအရမ်းကြီးတယ်ပေါ့။
အောက်ကဥပမာကအော်ပရာလက်မှတ်အရမ်းဈေးကြီးတယ်လို့ ပြောတာပါ။
These opera tickets cost us an arm and a leg!
ဒီစကားနဲ့ ခပ်ဆင်ဆင်တင်စားပြောကြတာမျိုးပြင်သစ်နဲ့ ဘူလ်ဂေးရီးယားမှာလည်းတွေ့ ရပါတယ်။
In France - It costs the eyes from the head.မျက်လုံးတစ်လုံးလောက်တန်ဖိုးရှိတယ်။
Bulgaria - It costs one's mother and father. အမေအဖေလောက်တန်ဖိုးရှိတယ်။

Learning English _ the melting pot 4 U 



0 comments:

Post a Comment

 
Toggle Footer
Top