သူ့ ညီမလေး ခိုးရာလိုက်ပြေးသွားလို့  စိတ်ညစ်နေပါတယ်။
တစ်ဖက်လူက ကျောရရုံကြံသွားရင် သူ့ ညီမလေးသက်သက် အပျိုရည်ဖျက်ခံရတာပဲအဖတ်တင်မယ်တဲ့။
"ခိုးရာလိုက်" တာရယ်၊"ကျောရရုံကြံတာရယ်"၊"အပျိုရည်ဖျက်"တာရတယ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ.....တဲ့။
ခိုးရာလိုက် တာက Elope လို့ သုံးပါတယ်။ ချစ်သူနဲ့ အဝေးကိုထွက်ပြေးတယ်ဆိုတဲ့သဘောပါ။
ကျောရရုံကြံ တာကို Philander လို့ ခေါ်ပါတယ်။အဲဒီလိုကျောရရုံကြံသူကို Philanderer လို့ ခေါ်ပါတယ်။
အပျိုရည်ဖျက် တာကိုတော့ Deflower လို့ ခေါ်ပါတယ်။ ပန်းဦးချွေတဲ့ သဘောပါပဲ။Defloration ဆိုရင်တော့ အပျိုရည်ဖျက်ခြင်းပါပဲ.....။
(တာရာမင်းဝေ ၏ ကပ်သီးကပ်သပ်အင်္ဂလိပ်စကားလုံးများစာအုပ်မှ)
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.